Sunday, February 3, 2013

Wireless စနစ်ဖြင့် အားသွင်းနိုင်မည့် Gigastone wireless portable drive

Photo

Wireless စနစ်ဖြင့် အားသွင်းနိုင်မည့် Gigastone wireless portable drive

By Internet Journal 4 Febuary 2013;
မိုဘိုင်းဖုန်းတွေ၊ Tablets PC၊ Notebook နဲ့ တခြား wireless စနစ် ပါဝင်တဲ့ ပစ္စည်းတွေကို wireless စနစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Gigastone အမှတ်တံဆိပ်  Smart Box ကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 2500 mA ရှိတဲ့ Li-ion ဘက်ထရီ ထည့်သွင်းထားပြီး Hi-speed WiFi စနစ်
အသုံးပြုထားတဲ့အတွက် မိုဘိုင်းဖုန်းတွေကို တစ်နာရီအတွင်း 1000 mA အထိ အားပြန်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ WiFi standard 802.11 b/g/n အထိ ထောက်ပံ့ပေးပါတယ်။ USB, SDHC ကတ်ပေါက် ပါဝင်ပြီး 32GB အထိ ထည့်သွင်းကာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းနဲ့ အချက်အလက်တွေကို သိုလှောင်ထားနိုင်မှာ ဖြစ်သလို တခြားသူများနှင့်လည်း မျှဝေသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ မျှဝေသုံးစွဲခြင်းကို တစ်ပြိုင်နက် ခြောက်ဦးထိ အသုံးပြုနိုင်မှာဖြစ်ပြီး ဗီဒီယို play-back  စနစ် အထောက်အပံ့ ပါဝင်ပါတယ်။ Wireless အကွာအဝေးကို ၁၀ မီတာကွာခန့်ကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် ၇၅ ဂရမ်သာ ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာ သယ်ဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android OS နှင့် Apple iOS နှစ်မျိုးစလုံးကို ထောက်ပံ့ပေးထားပြီး Mac OSX, Windows 7/Vista, Linux စတဲ့ System အားလုံးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ ဖုန်း ၃၈၀၅၃၆ နှင့် ၀၉-၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment