4 February 2013;
တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ များတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) များ ယှဉ်ပြိုင် နေစဉ်။
နေပြည်တော် ဖေဖော်ဝါရီ ၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား
ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းနှင့် ညနေပိုင်း တို့တွင်
နေပြည်တော်ရှိ အားကစား ကွင်းများ၌ ဆက်လက် ကျင်းပ ပြုလုပ်လျက် ရှိရာ
ထို့အတူ ပိုက်ကျော်ခြင်း ပြိုင်ပွဲ အကြို
ဗိုလ်လုပွဲ များကို ဇေယျာသီရိ အားကစားရုံ (၁)၌ကျင်းပရာ အကြီးတန်း
နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်း က
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ပွဲ - ၁ပွဲဖြင့် လည်းကောင်း၊
အကြီးတန်း သုံးယောက်တွဲ ပြိုင်ပွဲတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်
အသင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို ၃ ပွဲ- ၂ ပွဲဖြင့်
လည်းကောင်း၊ အကြီးတန်း သုံးယောက်တွဲ တတိယ နေရာလုပွဲတွင် အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ် အသင်းက ကာကွယ် ရေး ဦးစီးချုပ်ရုံး (လေ)အသင်းကို ၃ ပွဲ -၂
ပွဲဖြင့် လည်းကောင်း၊ အငယ်တန်း နှစ်ယောက်တွဲ ဒုတိယ နေရာလု ပြိုင်ပွဲတွင်
ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းကို
၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယ နေရာ လုပွဲတွင် မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် အသင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ် အသင်းကို ၃
ပွဲပြတ်ဖြင့် လည်းကောင်း၊ အငယ်တန်း သုံးယောက်တွဲ ဒုတိယ နေရာလုပွဲတွင်
ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)အသင်းက အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်
အသင်းကို ၃ ပွဲ-၁ ပွဲဖြင့် လည်းကောင်း၊ အငယ်တန်း သုံးယောက်တွဲ တတိယ နေရာလု
ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အသင်းက အရှေ့ပိုင်းတိုင်း
စစ်ဌာနချုပ် အသင်းကို ၃ ပွဲ-၁ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ
သွားကြသည်။
ထို့နောက် ညနေ ၃ နာရီခွဲတွင် တပ်မတော်
(ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ (ခ)အဆင့် တတိယ နေရာလု ပွဲအား ဇေယျာသီရိ
တပ်မတော် အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရာ အမှတ်(၁၁) ခြေမြန် တပ်မ ဌာနချုပ်
အသင်းက အမှတ်(၆၆) ခြေမြန် တပ်မ ဌာနချုပ် အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့်
အနိုင် ရရှိခဲ့ကြောင်းသတင်း ရရှိသည်။
Myawady
No comments:
Post a Comment