Sunday, February 3, 2013

လှိုင်သာယာမြို့ နယ်တွင် ဖေဖ၀ါရီ ၃ ရက်နေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွား

လှိုင်သာယာ မြို့နယ်တွင် ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၅ လုံးနှင့် အဆောင် ၇ လုံး ပျက်စီး

လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အများစု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

“မီးဘယ်အချိန် လောင်မှန်းတောင် မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီး မီးလွတ်ရာကို ပြေးထွက်လာခဲ့ မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်းက ပြောပြခဲ့ပါသည်။

အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုမှာ ဖော်ဖော်ဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြရကြောင်း မီးလောင်မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။

Credit to : Eleven Media Group

https://www.facebook.com/excellencemedia
လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက် မြရိပ်ညို ၅ လမ်းနှင့် ၆ လမ်းအကြားတွင် ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းက မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၅ လုံးနှင့် လှိုင်သာယာ စက်မှုဇုန်အလုပ် သမားအများ စု နေထိုင်သည့် အဆောင် ၇ လုံး ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းများအရ
သိရ သည်။
“မီးဘယ်အချိန် လောင်မှန်းတောင်မသိပါဘူး။ မီးလောင်တဲ့ နေရာက အစ်ကိုတို့အိမ်နဲ့ အရမ်းနီးနေတော့ အထုပ်ဆွဲပြီးမီးလွတ်ရာကို ပြေးထွက်လာခဲ့မိတာပါ” ဟု မီးလောင်မှု ဖြစ်စဉ်အနီးတွင် နေထိုင်သူ ကိုကျော်ဆန်း က ပြောပြခဲ့ပါသည်။
အဆိုပါ မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်း မှုမှာ ဖော်ဖော် ၀ါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိနစ် အချိန်ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် ငြှိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မီးဘေးကြောင့် အိမ်ထောင်စု ၂၂၀ မှ လူဦးရေ ၇၂၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြရကြောင်း မီးလောင် မှု ဖြစ်စဉ်တွင် စာရင်းဇယား ကောက်ယူနေသည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါ မီးလောင်မှု ဖြစ်စဉ်သို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄၉ စီး အထောက်အကူပြုယာဉ် ၃ စီးနှင့် အုပ်ချုပ်မှုယာဉ် ၅ စီးတို့ လာရောက် မီးငြှိမ်းသတ်ခဲ့ ကြကြောင်း သိရသည်။
From: မန်မာပြည်သား
Credit to : Eleven Media Group

No comments:

Post a Comment