တာလီဘန်ကို ဖီဆန်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ပါကစ္စတန် ကျောင်းသူ
မာလာလာယူဆွတ်ဖ်ဇိုင်နှင့် ဥရောပအရှေ့ပိုင်း နိုင်ငံတို့မှ
လှုပ်ရှားတက်ကြွသူများသည် ၂၀၁၃ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက်
ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
ယခုနှစ် နိုဗယ်ဆုကို အောက်တိုဘာ အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး
ခန့်မှန်းတွက်ဆမှုများလည်း ထွက်ပေါ်နေသည်။ ဆန်ခါတင် စာရင်းအတွက် ဖေဖော်ဝါရီလ ၁
ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရန် သတ်မှတ်ထားသည်။
အမျိုးသမီးများ၏ ပညာရေးအတွက် လှုံ့ဆော်ခဲ့သည့် အသက် ၁၅ နှစ် အရွယ်ရှိ
မာလာလာ ကို ကျောင်းသို့သွားရာ ဘတ်(စ်)ကားပေါ်တွင် တာလီဘန် သေနတ်သမားတစ်ဦးက
ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။
မာလာလာသည် ထိုက်တန်သော နိုဗယ်ဆုရှင်တစ်ဦး ဖြစ်ရန်အတွက် အကြောင်းအရင်းများစွာ ရှိသည် ဟု နော်ေ ၀ရှိ လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ မာလာလာသည် ဒီမိုကရေစီ၊ သာတူညီ မျှ ရရှိမှုနှင့် လူ့အခွင့်အရေးတို့အတွက် တာလီဘန်တို့ကို ဆန့်ကျင်ခဲ့သည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
လတ်တလောတွင် အကျဉ်းကျခံနေရသည့် ဘီလာရုဇ်မှ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ Ales Belyatski နှင့် ရရုရှားမှ Lyudmila Alexeyeva တို့ အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားတက် ကြွသူများ သည် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။
နိုဗယ်ဆုအတွက် ဆန်ခါတင်စာရင်းသည် ရှုပ်ထွေးသောကြောင့် နိုဗယ်ဆု ရရှိမည့်သူကို ခန့်မှန်းရန် ကြိုးစားခြင်းသည် ခက်ခဲသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
စာပေပညာရှင်၊ ကမ္ဘာတစ်ဝန်းရှိ အစိုးရနှင့် လွှတ်တော်အဖွဲ့ဝင်များ၊ တက္ကသိုလ် ပါမောက္ခများနှ င့် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းများသည် နိုဗယ်ဆုအတွက် အမည်စာရင်းပေးရန် အရည်အ ချင်း ပြည့်မီသူများ ဖြစ်ကြသည်။ ပြင်သစ်၊ ကနေဒါနှင့် နော်ဝေမှ လွှတ်တော်အမတ်များသည် မာလာလာ ကို ငြိမ်း ချမ်းရေး နိုဗယ်ဆုအတွက် သီးခြားစီ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆန်ခါတင်စာရင်းတွင် ဖော်ပြခံရသော်လည်း ဆုရရှိမည်ဟု တစ်ထစ်ချ
မပြောနိုင်ကြော င်း နော်ေ ၀နိုဗ ယ် ကော်မတီက ထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း
ဆန်ခါတင်စာရင်းတွင် အာဏာရှင်များဖြစ်သည့် အဒေါ့ ဟစ်တလာ၊ ဂျိုးဇက်စတာလင်၊
ဘင်နစ်တိုမူဆိုလီနီတို့လည်း ပါဝင်ခဲ့သလို ပေါ့ဘုရင် မိုက်ကယ်ဂျက် ဆင်လည်း
ပါဝင်ခဲ့ဖူးကြောင်း သိရသည်။
မြန်မာရွှေမြေ
No comments:
Post a Comment