Sunday, February 3, 2013

ဒေးဗစ် ဘက်ခမ်း PSG သို့ ရောက်ရှိ


Photo


By Planet 1 February, 2013 - 12:32
အင်္ဂလန် ဘောလုံးစတား ဒေးဗစ်ဘက်ခမ်းသည် ပြင်သစ် ထိပ်သီးကလပ်အသင်း ပဲရစ်စိန့်ဂျာမိန်း (PSG) နှင့် ယခုနှစ် ဘောလုံး ရာသီကုန်အထိ စာချုပ် ချုပ်ဆိုလိုက်ပြီ  ဖြစ်သည်။ ဘက်ခမ်းသည် အေစီမီလန်တွင်ရှိစဉ်က လက်ရှိ PSG မန်နေဂျာ အန်ဆလော့တီ လက်အောက်၌
ကစားခဲ့ဖူးသူလည်း ဖြစ်သည်။ ယခုအခါ အမေရိကန် အယ်လ်အေ ဂလက်ဇီအသင်းမှ ထွက်ခွာခဲ့သည့် ဘက်ခမ်းကို အန်ဆလော့တီက အရခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဘက်ခမ်းသည် PSG တွင် ကစားနေစဉ် လုပ်ခလစာ ရယူမည်မဟုတ်ဘဲ ၎င်း၏ လုပ်ခလစာများကို ပဲရစ်မြို့ရှိ ကလေးငယ်များ ရန်ပုံငွေ အဖွဲ့တစ်ဖွဲ့သို့ ပေးအပ်လှူဒါန်း သွားမည်ဖြစ်သည်။ အန်ဆလော့တီသည် ဘက်ခမ်းအပြင် နာပိုလီမှ မာရက်ခ်ဟမ်ဆစ်ခ်နှင့် ရိုးမားအသင်းမှ ဒန်နီယယ်ဒီရော့ဆီ တို့ကိုလည်း ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။ PSG သို့ ဘက်ခမ်း ပြောင်းရွှေ့ရောက်ရှိသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၅ နာရီ (ပဲရစ်စံတော်ချိန်) တွင် ပြုလုပ်သွားမည် ဖြစ်သည်။
Myawady

No comments:

Post a Comment