မူဆယ် ၊ 4 Feb 2013
ကဏန်း နှင့် ငါးရှဥ့်များကို ကြိုက်ရောင်း
ကြိုက်ဝယ် လွတ်လပ်စွာ ဆောင်ရွက်ရန် စမ်းသပ်ကာလ အဖြစ် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ်
၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် စတင် နေပြီ ဖြစ်ကြောင်း သိရသည်။ ကဏန်းများကို အမျိုးအစား
၊ အရွယ် ခွဲခြားမှု မရှိတော့ဘဲ ကဏန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၃၀ ဈေးနှင့် ဇန်န၀ါရီ
၂၁ ရက်နေ့မှ စတင်ပြီး အရောင်းအ၀ယ် ဖြစ်နေကြောင်း
သိရသည်။ ငါးရှဥ့် များကို ဇန်န၀ါရီ ၁၇ ရက်နေ့ မှစပြီး ပျမ်းမျှ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၅၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း သိရသည်။
သိရသည်။ ငါးရှဥ့် များကို ဇန်န၀ါရီ ၁၇ ရက်နေ့ မှစပြီး ပျမ်းမျှ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၅၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း သိရသည်။
အမေရိကန် ဒေါ်လာ ၀ ဒသမ ၅၅၈ သန်း တန်ဖိုးရှိ
ရေထွက်ကုန် ၁၄၁ တန်ကျော်ကို ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့သည်။
တင်ပို့ ခဲ့သည့် ကုန်များမှာ ငါးရှဥ့် ၆၇ တန်ကျော် နှင့် ကဏန်း ၇၄ တန်ရှိကြောင်း သိရသည်။
ကဏန်း နှင့် ငါးရှဥ့် များကို မူဆယ်တွင် ကြိုက်ရောင်း ကြိုက်ဝယ် စတင် ပြုလုပ် နေပြီဖြစ်၍
မူဆယ်ဘက် ကနေ ပြန်စမ်းသပ် ပို့နေတဲ့ အတွက် လျော့နည်းတာ ဖြစ်ပြီး တရုတ် နယ်စပ် အနေနဲ့
ကြည့်မယ် ဆိုလျှင် အမေရိကန် ၂ ဒသမ ၅၇၆ သန်းဖိုးရှိ ကုန်တန်ချိန် ၁၀၇၀ ကျော်ကို တင်ပို့
နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြိုက်ရောင်း ကြိုက်ဝယ် စနစ်ကို ရေထွက်ကုန် ကုန်သည်များက
ကြိုက်နှစ်သက် ကြကြောင်း သိရှိရသည်။
ပြည်ချစ်သား
No comments:
Post a Comment