Sunday, February 3, 2013

မန်ယူနှင့် (၉)မှတ် ကွာဟ လာမှုကြောင့် စိုးရိမ်မိကြောင်း ဟတ်ဝန်ခံ

4 Feburary 2013; PDF Print E-mail

















မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ရမှတ် ကွာဟမှု အလွန် ကြီးမားလာသည့် အခြေအနေအတွက် စိုးရိမ်မိကြောင်း မန်ချက်စတာ စီးတီး ဂိုးသမား ဂျိုးဟတ်က ဝန်ခံခဲ့သည်။

မန်စီးတီးသည် အိမ်ကွင်းတွင် လီဗာပူးကို (၂)ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီးနောက် မန်ယူနောက်
(၉)မှတ် ပြတ်သွားခဲ့သည်။ မန်ချက်စတာ နှစ်သင်းသည်သာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဓိက အားပြိုင်နေသည့် အခြေအနေမျိုး ဖြစ်နေချိန်တွင် ဒုတိယ နေရာမှ မန်စီးတီးက သရေကျခဲ့သလို တတိယ နေရာမှ ချယ်လ်ဆီးကလည်း နယူးကာဆယ်လ် ယူနိုက်တက်ကို ရှုံးနိမ့်သွားသည်။ ထို့ကြောင့်လည်း ဖူလ်ဟမ်ကို (၁-၀)ဖြင့် အဝေးကွင်းတွင် နိုင်ပွဲရထားသည့် မန်ယူက အမှတ်ပေးဇယားကို ပိုမို၍ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်လာခြင်း ဖြစ်သည်။
ဟတ်က "ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ အမှတ်ကွာဟချက်က ကြီးမားလာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်ပြီး ကြိုးစား ချီတက်နေမှာပါ"ဟု ဆိုသည်။ အသက်(၂၅)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်က "ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အခြေအနေ ဆိုးအောင် လုပ်မိသလိုပါပဲ။ လက်ရှိ အနေအထားက စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ချန်ပီယံ ဆုအတွက်တော့ အလျှော့ မပေးတမ်း အမြဲဆက်ပြီး ကြိုးစားနေဦးမှာပါ"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။
http://soccermyanmar.com

No comments:

Post a Comment